ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါ သည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၃၁.၁.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ်၈၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၈၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၉၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၇.၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၄၇၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၉၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၅၀၀၀ကျပ်၊ ဖွဲနုတစ်အိတ်၃၀၀ကျပ် ဈေးတက်၍ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၃၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၃၀၀၀ကျပ်နှင့် ဆန်ကွဲB(2,3,4) တစ်အိတ် ၃၀၀၀ကျပ် ဈေးကျလျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4) ဈေးကျသွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိပြီး ဝယ်လိုအား နည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန် နှင့်ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ အဝယ်လိုက်လာခြင်းတို့ကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့